တယ်လီမက်တစ်စနစ် စက်တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင်ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်

0
113

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်ကြီးများအား အမြန်လမ်းမကြီး ဥပဒေနှင့်အညီ စည်းကမ်းတကျသွားလာစေရန် ၊ သတ်မှတ်‌မိုင်နှုန်းအတိုင်းမောင်းနှင်ရန်နှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် တယ်လီမက်တစ်စနစ် စက်များတပ်ဆင်ပြီး (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများ၌ တယ်လီမက်တစ်စနစ်အား စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ ရက်ပေါင်း (၁၂၀) သတ်မှတ်၍ ဇွန်လ (၁၈) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ လွန်မြောက်သည့် အောက်တိုဘာ (၁၇) ရက်မှစတင်၍ တယ်လီမက်တစ်စနစ် စက်တပ်ဆင်ထားခြင်းမရှိသော ခရီးသည်တင်ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here