ရွှေတိဂုံစေတီတော်၌ ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယ ပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပမည်

0
140

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်၌ ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယ ပွဲတော်များနှင့် သီလခံယူပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့က ပြောသည်။

ဝါဆိုလပြည့်နေ့ ဇူလိုင်လ(၂ဝ)ရက်တွင် ဓမ္မစင်္ကြာအခါတော်နေ့ အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဝါခေါင်လပြည့်နေ့ ဩဂုတ်လ (၁၉) ရက်တွင် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းပေါင်း ၈၄,ဝဝဝ ပူဇော်ပွဲအခမ်းအနား၊ တော်သလင်းလပြည့်နေ့ စက်တင်ဘာလ (၁၇) ရက်တွင် ဂရုဓမ္မအခါတော်နေ့ အခမ်းအနား၊ သီတင်းကျွတ်လဆန်း (၁၄) ရက် အောက်တိုဘာလ (၁၆) ရက်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနားနှင့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၇) ရက်တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဝါဆိုလပြည့်နေ့မှ စတင်ကာ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ ထံမှ သီလခံယူဆောက်တည်နိုင်ရန်အတွက်လည်း သီလခံယူပွဲများကျင်းပရန် စီစဉ်ထားရှိကြောင်းလည်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here