2024 AFF U-19 Boys Championship မြန်မာ-ဗီယက်နမ် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ

0
136

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် 2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်(၁၈)ရက်က မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင် မြန်မာ U-19 အသင်းသည် ဗီယက်နမ်အသင်းဖြင့် အင်ဒိုနီးယားနိုင်ငံ Gelora Bung Tomo Stadium ၌ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဩစတြေးလျ၊ ဗီယက်နမ် ၊ လာအိုစသည့်အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။

မြန်မာ U19 အသင်းသည် ဇူလိုင် (၂၁) ရက်တွင် လာအိုအသင်းနှင့် လည်းကောင်း၊ ဇူလိုင် (၂၄)ရက်တွင် သြစတြေးလျအသင်းနှင့်လည်းကောင်း အသီးသီးယှဥ်ပြိုင်ကစားရန်ကျန်ရှိ‌နေသေးသည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် (၁၆)ရက် နံနက်ပိုင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ပုံစာ – မြန်မာ နှင့် ဗီယက်နမ်အသင်းတို့၏ ပွဲစဉ်အတွင်း ကစားခဲ့ကြသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here