မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေနွေး

0
359

မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး မြန်မာသံအမတ်ကြီးမှ ကမ္ဘောဒီးယားနိုငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီးအား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းမှ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Sok Chenda Sophea အား ဇူလိုင် (၁၈) ရက်က အဆိုပါ ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ – ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ပြည့်မြောက်မည့် မြန်မာ-ကမ္ဘောဒီးယား နှစ်(၇၀)ပြည့်သံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးအစရှိသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here