Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲတွင် RPG FC အသင်း ချန်ပီယံဆု ဆွတ်ခူး

0
189

Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ယမန်နေ့ဇူလိုင် (၁၈) ရက် က MFF Futsal Stadium တွင် ကျင်းပခဲ့ရာ RPG FC က 7Brother FC အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ယခုနှစ်အတွက် ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။

ပြိုင်ပွဲ ပထမဆု ရရှိခဲ့သော RPG FC အသင်းအား ဆုကြေးငွေ ကျပ်သိန်း (၅၀)ကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပေးအပ်ခဲ့ပြီး တစ်ဦးချင်းဆုများကိုလည်း ချီးမြှင့်ခဲ့သည်။

ထို့ပြင် ဒုတိယဆု ရရှိသော 7 Brother FC အသင်းအား ဆုကြေး‌ငွေကျပ် သိန်း (၃၀)ကိုလည်းကောင်း ၊ တတိယဆုရရှိခဲ့သော Marga FC အသင်းအား ဆုကြေးငွေ(၁၅)သိန်းကို လည်းကောင်း တာဝန်ရှိသူများက အသီးသီး ဆု‌ပေးအပ်ချီးမြှင်ခဲ့ကြသည်။

ပြိုင်ပွဲကာလတလျှောက် အသန့်ရှင်းဆုံးအသင်းဆုရရှိသော 7 Brother FC အသင်းကိုလည်း အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်း ချီးမြှင့်ခဲ့သည့်အပြင် အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော 7 Brother FC အသင်းမှ အောင်ကောင်းသန့်အား ဆုကြေးငွေ ကျပ် (၂)သိန်း ထပ်မံချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ ပြိုင်ပွဲ၌ အကောင်းဆုံး ကစားသမား ဆုရရှိသည့် RPG FC အသင်းမှ ကောင်းထက်ဇော် ကိုလည်း အမှတ်တရ ဆုနှင့် ဆုကြေး ငွေကျပ်(၂) သိန်းကို ပေးအပ်ခဲ့ကြသည်။

MFF Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲကို ဇွန် (၂၂) ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် တစ်အုပ်စုလျှင် အသင်း(၅) သင်းဖြင့် အုပ်စု (၁၀)စု ကိုဖွဲ့စည်းကာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here