နိုင်ငံကျော်တေးသံရှင်စိုင်းဆိုင်မောဝ်ရဲ့စျာပနမြင်ကွင်းအခမ်းအနား

0
744

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့စျာပနအခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၉ ရက် နေ့လည် ၃ နာရီက ရေဝေးသုဿန်မှာကျင်းပခဲ့တာဖြစ်ပြီးအဆိုပါစျာပနအခမ်းအနားကို ဂီတ အသိုင်းအဝိုင်းမှ မိတ်ဆွေများမှတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အဆိုတော် ဂရေဟမ် က

” တချိန်က အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဆုံးသွားတဲ့အပေါ်စိတ်မကောင်းဖြစ်ရတယ်။ဝမ်းနည်းမိတယ် ” လို့ပြောပါတယ်။

နိုင်ငံကျော်တေးသံရှင် စိုင်းဆိုင်မောဝ်ဟာ ဇူလိုင်လ ၁၇ ရက် ညပိုင်း ၇ နာရီ၁၅ မိနစ်ကအင်းစိန်မြို့နယ် ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်၇၇ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here