တစ်ကမ္ဘာလုံးနီးပါး သတင်းအချက်အလက်နည်းပညာ ပြတ်တောက်မှုကြောင့် အဓိကစီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်

0
464

တစ်ကမ္ဘာလုံးနီးပါးရှိ Windows စနစ်အသုံးပြုသော ကွန်ပြူတာစက်များတွင် ပြဿနာတစ်ခုပေါ်ပေါက်ခြင်းကြောင်း နည်းပညာဆိုင်ရာ ပြတ်တောက်မှု ယနေ့ဖြစ်ပွားခဲ့ရာ၊ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနှင့် သြစတြေးလျတို့အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် လေယာဉ်ပျံသန်းမှု၊ ဘဏ်လုပ်ငန်းနှင့် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှုများအပေါ် ထိခိုက်သက်ရောက်မှုရှိနေကြောင်းသိရသည်။

ယခုဖြစ်ပွားနေသော ပြတ်တောက်မှုသည် ကွန်ပျူတာဟက်ကာများ၏ လက်ချက်ကြောင့် မဟုတ်ပဲ Microsoft ၏ Windows စနစ်နှင့် ချိတ်ဆက်ထားသော ဆိုက်ဘာလုံခြုံရေးဆော့ဖ်ဝဲကုမ္ပဏီ CrowdStrike ၏ update မှ ပြဿနာတစ်ခုမှ ဖြစ်ပေါ်လာပုံပေါ်ကြောင်း ပညာရှင်များကဆိုသည်။

စတိုးဆိုင်များတွင်လည်း ATM ကပ်များ၊ အခြားကပ်များဖြင့် ဈေးဝယ်၍ မရဖြစ်နေကြသလို၊ လေကြောင်းလိုင်းများတွင်လည်း စက်ဖြင့်အလုပ်လုပ်ခြင်းအစား လူကပြန်လည်လုပ်ဆောင်မှုများ ပြုလုပ်နေရသဖြင့် လေဆိပ်များတွင် ခရီးသည်များ နှောင့်နှေးကြန့်ကြာမှုကို ရင်ဆိုင်နေကြရသည်။

ထို့အပြင် နိုင်ငံတကာ မီဒီယာများတွင်လည်း သတင်းထုတ်လွှင့်မှုပြုလုပ်၍ မရသည့် ပြဿနာကို ရင်ဆိုင်နေရပြန်သည်။

ယခု ဖြစ်ရပ်သည် သတင်းအချက်အလက်နည်းပညာခေတ် သမိုင်းတွင် အကြီးမားဆုံး ပြတ်တောက်မှုဟု ပညာရှင် သုတေသီများက ဆိုကြသည်။

လက်ရှိတွင်မူ CrowdStrike ဆော့ဖ်ဝဲကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်း လျှင်မြန်စွာ ကျဆင်းနေသည်ဆို၏။


LEAVE A REPLY

Please enter your comment!
Please enter your name here