သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့ကျလာ

0
279

မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက (၅) ဆနီးပါးလျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၏ (၆)လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေ စုစုပေါင်း ၁၃၀၉ ယောက်ရှိခဲ့ပြီး ‌ေ-သဆုံးသူလူနာ (၃) ယောက်ရှိခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ကြည့်ပါက ကျေးလက်ဒေသထက် မြို့ပေါ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပွားကာ ရန်ကုန်တွင်အများဆုံးဖြစ်ကြောင်း သိရသည်။

အသက်အရွယ်အရွေးဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အသက် (၅) နှစ်မှ (၉) နှစ်အရွယ် က-လေ-းငယ်များအများဆုံးဖြစ်ပွားလေ့ရှိပြီး အသက် (၁၅) နှစ်နှင့် အထက် လူကြီးများတွင် ယင်းရောဂါဖြစ်ပွားပါက ‌ေ-သဆုံးနှုန်းမြင့်မားကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး‌သည် ခြင်ကျားအကိုက်ခံရခြင်းမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး ခြင်ကိုက်ခံရပြီးနောက် ပျမ်းမျှ (၄) ရက်မှ (၆) ရက်အကြာတွင် ရောဂါလက္ခဏာများ စတင်ပြသကြောင်း၊ သွေးလွန်တုပ်ကွေး‌ရောဂါ၏ ပထမအဆင့် Den gue Fever ရောဂါတွင် ရုတ်တရက် အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ တစ်ခါတရံ ခန္ဓာကိုယ်၌ အစက်အပြောက်များ ပေါ်လာခြင်းတို့ ဖြစ်တတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးထားသည်။

ထို့ပြင် သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင် အစက်အပြောက်များ ပေါ်လာသည်ကို တွေ့နိုင်ပြီး အခြားစိုးရိမ်ရသည့် လက္ခဏာများ မရှိကြောင်းလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here