မြန်မာ Boxer များ ပြည်ပတွင် ဆုကြေးစား လက်ဝှေ့ပွဲများ ထိုးသ-တ်မည်

0
858

မြန်မာ Boxer များ ပြည်ပတွင် ဆုကြေးစား လက်ဝှေ့ပွဲများ ထိုးသ-တ်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ ထိုးသ-တ်နိုင်ရန် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ဂျပန်လက်ဝှေ့ကော်မရှင်နှင့်MBCကုမ္ပဏီတို့ပူးပေါင်းကာ စီစဉ်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြည်ပတွင် ဆုကြေးစားထိုးသ-တ်နိုင်ရန် WBC နှင့် WBO ပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်မြန်မာ Boxer များကို လက်ရည်စစ်ပွဲကျင်းပမည်ဟုလည်း သိရသည်။

လက်ရည်စစ်ပွဲကို ဩဂုတ်လ၂၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ကာ ပါဝင်ယှဥ်ပြိုင်လိုသူများသည်ဇူလိုင်လ၂၅ရက် နောက်ဆုံးထား၍စာရင်းပေးသွင်းရမည်ဟုသိရသည်။

လက်ရည်စစ်ပွဲကိုမြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်နှင့်ဂျပန်လက်ဝှေ့ကော်မရှင်တို့ကကြီးကြပ်မည်ဖြစ်ကာလက်ရည်စစ်ပွဲတွင်အမျိုးသားများသုံးမိနစ်လေးချီနှင့်အမျိုးသမီးများနှစ်မိနစ်လေးချီယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရည်စစ်ပွဲအောင်မြင်သူများကို စခန်းသွင်းလေ့ကျင့်ပေးပြီးဂျပန်နိုင်ငံရှိပြိုင်ပွဲများသို့စေလွှတ်မည်ဖြစ်ကာ ဆုကြေးစား(ပရော်ဖက်ရှင်နယ်)လက်ဝှေ့သမားများသည်ပြိုင်ပွဲအနိုင်ရရှိမှုပေါ်မူတည်၍ထိုးသ-တ်ကြေးရရှိမည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here