ဧရာဝတီတိုင်းမြို့နယ် (၁၄) မြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်များပျံ့နှံ့ကျက်စား‌နေ

0
1014

တိုင်းနှင့်ပြည်နယ် (၆)ခုတွင် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်သော ကြိုးကြာခေါင်းနီငှက်များသည် ဧရာဝတီတိုင်းမြို့နယ် (၁၄) မြို့နယ်တွင် ပျံ့နှံ့ကျက်စားနေကြောင်း ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့-KTCG ထံမှ သိရသည်။

ကြိုးကြာခေါင်းနီငှက်သည် မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံးနေထိုင်ကျက်စားပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်ရှိကြောင်း မှတ်တမ်းတင်ခဲ့နိုင်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ကြိုးကြာခေါင်းနီငှက် အများဆုံးနေထိုင် ကျက်စားရာနေရာမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသပင်ဖြစ်ပြီး ဧရာဝတီတိုင်းအတွင်း မြို့နယ် (၁၄) မြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်များ ပျံ့နှံ့ကျက်စား‌ကာ ဝါးခယ်မမြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်အများဆုံး နေထိုင်ကျက်စား‌ကြောင်းနှင့် ကြိုးကြာခေါင်းနီငှက်များသည် ဒေသခံများ၏ ယဉ်ကျေးမှု အရ အစဉ်လာကြီးမားသည့် ဆက်နွယ်မှုများရှိကြောင်းသိရသည်။

ကြိုးကြာခေါင်းနီငှက်သည် မိုးရာသီတွင် အသိုက်ဆောက် ဥအု ၊ သားပေါက်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ သားပေါက်ပြီး တစ်လုံးမှ နှစ်လုံးထိအုလေ့ရှိကြောင်း သိရသည်။

ကျုံကပြင်-တက်ဆိပ် ဒေသခံထိန်းသိမ်းရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ကြိုးကြာခေါင်းနီငှက်များ အသိုက်ဆောက်လုပ်ချိန်တွင် နှစ်စဉ်စာရင်းကောက်မှတ်တမ်း ပြုလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here