ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ရှိ အာဇာနည်နေ့ အထူးပြပွဲသို့ လူ (၆၀၀၀) ကျော် လာကြည့်ရှု

0
104

(၇၇)နှစ်မြောက်အဖြစ်ကျင်းပသည့် အာဇာနည်နေ့ အထူးပြပွဲအား ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) တွင် ကျင်းပခဲ့ရာ လူ (၆၀၀၀)ကျော် လာရောက်ကြည့်ရှုကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် အာဇာနည်နေ့အထူးပြပွဲအဖြစ် ယနေ့ ဇူလိုင်လ (၁၉) ရက်၊ နံနက် (၇)နာရီမှ (၅)နာရီအထိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ပြသရေးဆပ်ကော်မတီမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ပြသရေးဆပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ လူကြီး ကျား (၁၅၉၆) ဦး၊ လူကြီး မ (၂၀၈ဝ)ဦး၊ ကလေး ကျား (၁၀၂၉)၊ ကလေး မ (၁၁၂၉) ဦး၊ ရဟန်း (၂၇၂)ပါး၊ သီလရှင် (၁၀၆)ပါး၊ နိုင်ငံခြား သား ကျား (၁)ဦး စုစုပေါင်း (၆၂၁၃) ဦး လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် အထူးပြပွဲသို့ မေရီချက်မင်းနားမကြားကျောင်းမှ ကြီးကြပ်သူ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရန်ုကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုအရ မြို့ နယ်ပေါင်း (၁၄)မြို့နယ်မှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်မှကျောင်းသား၊ ကျောင်းသူများပါ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာခဲ့ကြောင်းလည်း သိရသည်။

အာဇာနည်နေ့အထူးပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (၅၅) လက်မ Interactive Panel (၆) လုံးတွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြကွက်များအား Web Page ဖြင့် ခင်းကျင်းပြသထားကာ IT နည်းပညာဖြင့် ဉာဏ်စမ်းပဟေဠများအား ဖြေဆိုသူ (၆၁၈)ဦးရှိကာ ပထမဆု (၆)ဦး၊ ဒုတိယဆု (၈၄)ဦး၊ တတိယဆု (၉၁)ဦးအား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့် ဆုငွေများ ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here