ဇလန်းစကီးနဲ့ ထရန့် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ အလွန်ကောင်းတဲ့ဆွေးနွေးမှုရှိ

0
416
Ukraine’s President Volodymyr Zelensky arrives in Downing Street in central London on July 19, 2024, to attend an extraordinary Cabinet meeting. (Photo by BENJAMIN CREMEL / AFP)

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ အလွန်ကောင်းမွန်တဲ့ ဖုန်းပြောဆိုမှုရှိထားတယ်လို့ အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ပါက ဇန်နဝါရီလ ရာထူးတာဝန်မထမ်းဆောင်ခင်မှာပဲ ယူကရိန်းစစ်ပွဲကို သူ ရပ်အောင်လုပ်မယ်လို့ ထရန့်က ပြောဆိုပါတယ်။ “သမ္မတစ်ယောက်အနေနဲ့ လူ့အသက်ပေါင်းများစွာ စတေးနေရတဲ့ စစ်ပွဲကို အဆုံးသတ်ပြီး ကမ္ဘာကြီးဆီ သူ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးမယ်” လို့ Truth Social ပလက်ဖောင်းမှာ သူက ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး သာယာဝပြောမှု လမ်းကြောင်းကို ခင်းပေးမယ့် သဘောတူညီချက်တစ်ခုကို နှစ်ဖက်စလုံးက အတူတကွ စေ့စပ်ညှိနှိုင်းနိုင်ကြမှာပါလို့ ထရန့်က ပြောဆိုပါတယ်။

မြင်သာထင်သာရှိတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် အနည်းငယ်ကို သူတင်ပြခဲ့သော်ငြားလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက် ယူကရိန်းဟာ နယ်မြေအချို့ လက်လွှတ်ရဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတစ်ခုအတွင်း ရိုက်တာကို သူက ပြောဆိုထားခဲ့ပါတယ်။

ဖုန်းပြောဆိုမှုအတွင်း သူ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမှုအတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း ဇလန်းစကီးက ပြောဆိုခဲ့တယ်လို့လည်း ထရန့်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here