နမ့်ဆန်မှ မန္တလေးသွားသည့် ကားခ နှစ်သိန်းနီးပါးအထိရှိနေ

0
356

ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် နမ့်ဆန်မြို့နယ်မှ မန္တလေးမြို့သို့သွားသော မော်တော်ယာဉ်လိုင်း ကားခများမှာ နှစ်သိန်းနီးပါးရှိနေကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်လိုင်းများ အနေဖြင့်လည်း တိုက်ပွဲရှောင်၍ တောလမ်းမှ သွားရသဖြင့် (၂)ရက် (၃)ရက်ကြာနေကြောင်းလည်း မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

“အခုက အရင် ပြည်ထောင်စုလမ်းမကြီး အတိုင်းသွားမရဘူးလေ၊ လမ်းတွေက ဟိုကပိတ် ဒီကပိတ်၊ တိုက်ပွဲလည်းရှိနေတော့ အရင်လမ်းတွေက မသွားကြတော့ဘူး” ဟု ယာဉ်မောင်းတစ်ဦးကလည်း ပြောသည်။

ယခင်ကမူ နမ့်ဆန်မှ မန္တလေးသို့ သွားပါက နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ခရီးသည်တစ်ဦးကို ယာဉ်စီးခ (၂)သိန်းယူကာ တိုက်ပွဲအခြေအနေ၊ မြေပြင်သတင်းများကို ယာဉ်မောင်းများ၊ ယာဉ်လိုင်းများက စောင့်ကြည့်နေရပြီ ခရီးစဉ်များ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ထိုသို့ကားခ မြင့်တက်ရခြင်းမှာလည်း ခရီးစဉ်မှာ (၂)ရက်သို့ (၃)ရက်ကြာမြင့်တတ်သလို စက်သုံးစီ ပြတ်လတ်မှုအပါအဝင် လမ်းကြေး ဂိတ်ကြေးများ ပေးဆောင်ရခြင်းကြောင့်ဟု သိရသည်။

ယခုလက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြိူ့အနီးတွင်သာမက သီပေါ၊ ကျောက်မဲမြို့များတွင်ပါ တိုက်ပွဲများ ပြင်းထန်နေသောကြောင့် အရပ်သား‌ေ-သဆုံးမှုများ မြင့်တက်လာနေသလို စစ်ရှောင်နေရသည့် အရပ်သားပြည်သူ အရေအတွက်များလည်း တိုးလာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here