မြဝတီရှိ ငွေလိ-မ်လုပ်ငန်းတစ်ခုမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး လွတ်မြောက်လာဟု ဆို

0
242

မြန်မာနိုင်ငံ မြဝတီမြို့ရှိ ငွေလိ-မ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေကြတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦးဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အကူအညီနဲ့ သောကြာနေ့မှာ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။ သူတို့ပြန်လွတ်လာမှုသေချာစေရေးနဲ့ အိန္ဒိယကို ပြန်ပို့နိုင်ဖို့ရာ လက်ရှိမှာ ဆောင်ရွက်နေတယ်လို့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

“မြဝတီမြို့ ရွှေကုက္ကိုလ်အခြေစိုက် ငွေလိ-မ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦးဟာ မြန်မာ အာဏာပိုင်တွေ၊ ဒေသခံတွေရဲ့ အကူအညီနဲ့ ဒီနေ့မှာ ပြန်လွတ်လာပါပြီ၊ သူတို့ပြန်လာရေးနဲ့ နေရပ်ပြန်ပို့ရေးကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ကျွ–န်လိုလုပ်ငန်းခွင်အခြေအနေတွေနဲ့ လုပ်ကိုင်နေရတဲ့ အိန္ဒိယနိုင်ငံသား ခြံအလုပ်သမား ၃၃ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် အခု သတင်းထပ်ထွက်လာတာဖြစ်ပါတယ်။ ဒီအလုပ်သမားတွေကို လူဆိုးဂိုဏ်းခေါင်းဆောင်တွေ(အိန္ဒိယနိုင်ငံသားတွေပဲဖြစ်) က ရာသီအလိုက် အလုပ်လုပ်ခွင့်ပါမစ်တွေနဲ့ အီတလီကို ခေါ်သွင်းလာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာက ဖော်ပြခဲ့ပါတယ်။ သူတို့တွေဆီက တစ်ယောက်ကို ယူရို ၁၇၀၀၀ စီတောင်းယူခဲ့ပြီး အီတလီမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိစေမယ်လို့ ကတိပြုကာ စည်းရုံးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေ အရှိန်ပြင်းထန်လာတာကြောင့် ယင်းနိုင်ငံရှိ အိန္ဒိယနိုင်ငံသားတွေ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရကတော့ ဒီကိစ္စဟာ အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် အိန္ဒိယနိုင်ငံသားအားလုံး လုံခြုံမှုရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာက သောကြာနေ့မှာ အာမခံပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေက အိန္ဒိယနိုင်ငံသားတွေအတွက် အကြံပြုချက်သစ်တစ်ခု ထုတ်ပြန်ခဲ့ပြီး အကူအညီတောင်းခံနိုင်တဲ့ ဖုန်းလိုင်းတွေ ဖွင့်ပေးထားတယ်လို့ ဆိုခဲ့ပါတယ်။

Ref: Mint


LEAVE A REPLY

Please enter your comment!
Please enter your name here