ကချင်ပြည်နယ်အတွက် ကံပိုက်တီးနယ်စပ်မှ စက်သုံးဆီတင်သွင်းမည်

0
186

လောင်စာဆီများကို ကံပိုက်တီးစစ်ဆေးရေးဂိတ်မှ တစ်ဆင့် ကချင်ပြည်နယ်အတွင်း လုံလောက်စွာ ပေးဝေမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ကချင်ပြည်နယ် သယံဇာတဝန်ကြီးကနိုင်ငံပိုင်သတင်းစာသို့ ဖြေကြားထားသည်။

ဇူလိုင် ၁၃ ရက်နေ့တွင် ကချင်ပြည်နယ် ကော်မတီနှင့် တင်သွင်းသည့်ကုမ္ပဏီများသည် ကံပိုက်တီးနယ်စပ်မှတစ်ဆင့် စက်သုံးဆီတင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

ကံပိုက်တီးနယ်စပ်လမ်းကြောင်းသည် ကုန်သွယ်မှုလမ်းကြောင်း တိုတောင်းသောကြောင့် သွင်းကုန်ကုမ္ပဏီများသည် ကချင်ပြည်နယ်တွင် ပြတ်လပ်မှုမရှိစေရန် လစဉ် သွင်းကုန်ခွဲတမ်းအရ စက်သုံးဆီတင်သွင်းရမည်ဖြစ်သည်။ ထို့ပြင် ကချင်ပြည်နယ် အစိုးရသည် တရားမ၀င် တင်သွင်းမှုများနှင့် ပတ်သက်သူများကိုလည်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကုမ္ပဏီများသည် အစည်းအဝေးတွင် တင်သွင်းလိုသည့် ပမာဏကို အစီရင်ခံတင်ပြကြပြီး ကော်မတီဝင်များသည် လောင်စာဆီ တင်သွင်းမှု ခွဲတမ်းကို ဇူလိုင်လအတွက် အသေးစိတ် ရှင်းလင်းတင်ပြခဲ့‌ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here