ဂျပန်ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ လေးရာကျော် မြန်မာလုပ်သားများအတွက် ကမ်းလှမ်း

0
179

မြန်မာလုပ်သားများကို ဂျပန် ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုကျိုမြို့တွင်ရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၄၄၀)ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားထားသည်ဟု သိရသည်။

ထိုသိူ့စိစစ်ချက်များအရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း ပြောသည်။

စိစစ်ရာတွင်လည်း အလုပ်ခေါ်ယူသည့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီ၊ အလုပ်ခေါ်ယူသည့် စက်ရုံ / ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ၊ မရှိ အပါအဝင် စာရွက်စာတမ်း အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here