မဟာဥပဒေဘွဲ့ Online (LL.M) သင်တန်းသားလျှောက်လွှာခေါ်ယူ

0
335

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဘွဲ့လွန်ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်ကာ မဟာဥပဒေဘွဲ့ LL.M ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဥပဒေပထမနှစ်သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။

ထိုသင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ HRD အစီအစဉ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဦးစီးကာ မဟာဥပဒေဘွဲ့ LL.M သင်တန်းကို Online ဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်သည်။

ပထမနှစ်မှ ဒုတိယနှစ်အထိ နှစ်နှစ်ကြာ တက်ရောက်ရမည့် မဟာဥပဒေဘွဲ့ LL.M သင်တန်းကို ဩဂုတ်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါ သင်တန်းသည် ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မူရင်း၊ Online LL.B ဘွဲ့လက်မှတ်မူရင်း(သို့မဟုတ်) LL.B ဘွဲ့လက်မှတ်မူရင်း၊ နောက်ဆုံးနှစ် အမှတ်စာရင်းမူရင်းနှင့် အတူပူးတွဲ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်း ဝင်ခွင့်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်မှာတော့ သင်တန်းသားတစ်ဦးစီအတွက် Student ID နှင့် Password တို့ကို email ဖြင့် ပေးပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင်လ ၂၂ မှ စတင်ကာ လက်ခံပေးသွားမှာဖြစ်ပြီး ၎င်းသင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင် တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်တွင်မူ လျှောက်လွှာများကို ပိတ်သိမ်းသွားမှာဖြစ်ပြီး ထိုနည်းတူ ဇူလိုင်လ ၂၂ ရက်မှ ၂၆ ရက်အထိ ရုံးဖွင့်ရက်နှင့် ရုံးချိန်အတွင်း ကျောင်းအပ် လက်ခံပေးသွားမှာ ဖြစ်ကြောင်းလည်း သိထားရသည်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သင်တန်းကြီးကြပ်မှုကော်မတီ၊ ရန်ကုန် အဝေးသင်တက္ကသိုလ် ၄၇(က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၁-၅၃၆၅၈၁၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅ ၁၆၄ တို့ထံ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here