ယနေ့ 2024 AFF U-19 Boys Championship မြန်မာ-လာအို ယှဉ်ပြိုင်ကစားမည်

0
121

ယနေ့ ဇူလိုင် (၂၁)ရက် မြန်မာစံတော်ချိန် ညနေ (၇)နာရီအချိန်တွင် မြန်မာ U-19 အသင်းသည် လာအိုအသင်းဖြင့် အင်ဒိုနီးယားနိုင်ငံ Gelora 10 november stadium တွင် အုပ်စု ဒုတိယအ‌ကျော့ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသွားကြမည်ဖြစ်သည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဩစတြေးလျ၊ ဗီယက်နမ် ၊ လာအို စသည့်အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်ကာ ယှဉ်ပြိုင်နေကြရခြင်းဖြစ်သည်။

ဇူလိုင်(၁၈)ရက်က အုပ်စုအဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းဖြင့် ယှဉ်ပြိုင်ကစားရာတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။

ယနေ့ လာအိုအသင်းနှင့် ယှဉ်ပြိုင်အပြီးတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြင့် ဇူလိုင် (၂၄)ရက်တွင် သြစတြေးလျအသင်းနှင်ယှဉ်ပြိုင်ကစားရန်ကျန်ရှိ‌နေသေးသည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ဇူလိုင် (၁၆)ရက် နံနက်ပိုင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ပုံစာ- မြန်မာ-ဗီယက်နမ် ပွဲစဉ်အတွင်း ကစားခဲ့ကြသည့် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here