ဧရာဝတီတိုင်းတွင် ရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်ရန်နှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြပ်မတ်နေ

0
163

မြစ်ရေများမြင့်တက်လာမှုအခြေအနေအရ ဧရာဝတီတိုင်းတွင် ရေဘေးကာကွယ်ရေးတာများကြံ့ခိုင်ရန်နှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြပ်မတ်နေကြောင်း သိရသည်။

ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်များတွင် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့သေးသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်များ၏ ရေဘေးကာကွယ်မှုဧရိယာ ၃၀၀၃၈၄ ဧကကို ရေကြီးနစ်မြုပ်မှု ကာကွယ်ထားသည့် အလျား ၇၃ ဒသမ ၈၆၅ မိုင်ရှိ ငဝန်တာ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်း ဒုဝန်ကြီးက စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ထိုနည်းတူ မြစ်ရေများမြင့်တက်လာမှုအခြေအနေအရ ဒေသဆိုင်ရာအာဏာပိုင်များက လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် ရေကင်း စခန်းနှင့် အရေးပေါ်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများ၊ ရေစိမ့်ပေါက်အချို့ကို ရေခွေ ပြုလုပ်၍ အရေးပေါ်ယာယီကာကွယ် ထားရှိခြင်းလုပ်ငန်းများနှင့် ရေကင်းစခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုနှင့် တာတမံလုပ်သားများ ခန့်အပ်ထားရှိမှု၊ ရေဘေး ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားကြီးများ အသင့်ထားရှိထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here