ကျိုက်ထိုမြို့နယ် သရက်ကုန်းရွာတွင် ခွေးရူးရောဂါလက္ခဏာတွေ့ရှိ

0
114

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ် ၊သရက်ကုန်းရွာတွင် ခွေးရူးရောဂါလက္ခဏာတွေ့ရှိ‌ကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ဓာတ်ခွဲစစ်ဆေးမှု ရလဒ်များကို ထပ်မံအသိပေးထုတ်ပြန်မည်ဟု ကျိုက်ထို့မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ယမန်နေ့ ဇူလိုင်(၂၀)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာနေ ဒေသခံတစ်ဦး၏ ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးထံ အသိပေးအကြောင်းကြားရာမှ ယင်းကျေးရွာအတွင်း ခွေးရူးရောဂါလက္ခဏာရှိ/မရှိ မြို့နယ်တိမွေးကုဌာနမှတာဝန်ခံ
နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးတာဝန်ခံတို့ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးမှုရလဒ်အရ ခွေးရူးရောဂါလက္ခဏာရှိသည့်အတွက်လိုအပ်သောဓာတ်ခွဲစစ်ဆေးမှုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သော ဇူလိုင်(၅)ရက်က အဆိုပါကျေးရွာတွင်နေထိုင်သူ အမျိုးသားတစ်ဦး ခွေးကို-က်ခံရပြီးနောက် ကာကွယ်ဆေးမထိုးဘဲ နေထိုင်ခဲ့ရာ ခွေးရူးလက္ခဏာပေါ်ပေါက်လာသည့်အတွက် ဆေးရုံသို့တက်ရောက်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် ကျေးရွာအတွင် နောက်ထပ်အကို-က်ခံထားရသော ဒေသခံ(၆)ဦးကိုလည်း ကာကွယ်ဆေးထိုးနှံပေးခဲ့ရပြီး၊ ခွေးရူးရောဂါနှင့်ပတ်သက်သည့် အသိပညာပေးမှုများအား ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရသေးသည်။

သို့သော် လက်ရှိအချိန်တွင် အဆိုပါကျေးရွာနေ ဒေသခံတစ်ဦး၏ သတင်းအကြောင်းကြားမှုကြောင့် သွားရောက်စစ်ဆေးရာတွင် ခွေးရူးရောဂါ လက္ခာကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို မြို့နယ်ကျန်းမာရေးဉီးဌာန၏ အသိပေးချက်တွင် မည်သူ့ထံတွင် ကူးစက်ခံနေရသည်ကို သီးခြားဖော်ပြထားခြင်းမရှိသေးဘဲ စစ်ဆေးမှုရလဒ်များကိုထပ်မံအသိပေးထုတ်ပြန်ပေးမည်ဟု ဆိုထားသည်။

ဓာတ်ပုံ- ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here