ကျိုက်လတ်မြို့နယ်တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းဖြင့် ကျေးရွာ (၈၅)ရွာ အကောင်အထည်ဖော်မည်

0
215

ကျိုက်လတ်မြို့နယ်အတွင်း ကျေးရွာပေါင်း (၄၂၁) ရွာရှိသည့်အနက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ကျေးရွာ (၈၅) ရွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေခြင်းဖြင့် ဆင်းရဲမှုကိုလျှော့ချပေးနိုင်ရန်၊ တိုးပွားလာသည့် အတိုးငွေများနှင့် ကျေးရွာများမှ အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး စုစုပေါင်းဘတ်ဂျက် ၄၃၁ ဒသမ ၂၅ သန်းဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း အဖွဲ့အစည်းများမှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ ကျေးလက်အိမ်ထောင်စု (၇၅%)ခန့်သည် အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေများ လိုအပ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၁၂၄၇၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here