ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါ လူနာသစ်အများ ဆက်လက်တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

0
243

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာအသစ်များ ဆက်လက် တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းထုတ်ပြန်ထားချက်များအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဇူလိုင်လ (၆)ရက်မှ စတင်ကာ ယနေ့ ဇူလိုင် (၂၂)ရက်အထိ ဝမ်းရောဂါဖြစ်ပွားသည့် လူနာ (၈၀၀) ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါဖြစ်ပွားသည့် လူနာများတွင် က-လေ-းသူငယ်အရွယ်မှစ၍ အသက် (၈၀)ကျော်အရွယ် သက်ကြီးရွယ်အိုများ ပါဝင်ကာ အခြားဆက်စပ်မြို့နယ်အချို့တွင် ရောဂါကြိုတင်ကာကွယ်ရန် သတိပေးခြင်းများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၁၇)ရက်ကလည်း ဝမ်းရောဂါဖြစ်ပွားခဲ့သည့် လူနာသစ် (၆၇)ဦးရှိခဲ့ပြီး အဆိုပါ လူနာသစ်များတွင် ပြင်းထန်ဝမ်း ရောဂါလူနာ (၃)ဦး ပါဝင်ခဲ့ကြောင်း သိရသ ည်။

ထို့ပြင် လက်ရှိအချိန်ထိ ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါကြောင့်‌ေ-သဆုံးသူဦးရေ (၆)ဦးရှိ အထိရှိလာပြီဖြစ်ကြောင်းလည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here