ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် အိမ်စီးကား (၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်တို-က်မိပြီး ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရ

0
421

ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၀၉/ဝ)နှင့်(၁၀၉/၁)ကြားတွင် Toyota Wish အဖြူရောင် ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်တို-က်မိကာ ယာဉ်မောင်းအမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဇူလိုင် (၂၂)ရက်၊ နံနက် (၇)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တို-က်မှု ဖြစ်ပွားကြောင်း သတင်းအရ (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မိုးအရမ်းရွာထားတော့ စလစ်ဖြစ်ချင်တယ်။ တော်တော် ထိန်းမောင်းရတယ်။ သတိထားမောင်းကြပါ၊ တချို့ဆို မိုးအရမ်းရွာနေတာတောင် အရှိန်အရမ်းတင်မောင်းကြတာတွေ တွေ့နေရတယ်။ ဒီချိန်ဆို ထိန်းမောင်းတာ အကောင်းဆုံးပါပဲ” ဟု အမြန်လမ်းတွင် ယာဉ်မောင်းနေသူတစ်ဦးက ပြောဆိုထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၄) ဦး အနက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ယာဉ်မောင်းအမျိုးသားအား (၁၁၅) မိုင် အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here