ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ONE နှင့် ဒေါ်လာတစ်သိန်းတန်စာချုပ် အပြီးသတ်ချုပ်ဆို

0
244

ယနေ့ ဇူလိုင်(၂၂)ရက်တွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးအနေဖြင့် ONE ၏ ဒေါ်လာတစ်သိန်းတန်စာချုပ်အား အပြီးသတ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ONE ဘက်မှ မကြာမီ အချိန်တွင် စိုးလင်းဦးယှဉ်ပြိုင်မည့် ပြိုင်ဘက်နှင့် ပွဲစဉ်ကို ကြေညာလာတော့မည်ဖြစ်သည်ဟု သိရသည်။

စိုးလင်းဦးသည် One Friday Fight 69 ပွဲစဉ်အတွင်း မွေထိုင်းဖိုက်တာ ပွန်ဆရီကို အလဲထိုးဖြင့် အနိုင်ရပြီး‌နောက် ဒေါ်လာ တစ်သိန်းတန် စာချုပ်ကမ်းလှမ်းခံခဲ့ရခြင်းဖြစ်သည်။

ရိုးရာဖိုက်တာစိုးလင်းဦးသည် ONE ကပြုလုပ်သည့် Friday Fight 69 ပွဲစဉ်ဖြင့် ဆိုလျှင် ရှုံးပွဲမရှိ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ONE၏ ပထမ ပွဲဦးထွက်တွင် ဂျပန်ဖိုက်တာ မာဆာရူရှီကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သလို ဒုတိယအကြိမ် ပွဲစဉ်တွင်လည်း ပေါ်တူဂီဖိုက်တာ Fabio Reis နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း အနိုင်ရရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here