မိုးရာသီ အပတ်စဉ် ဖျော်ဖြေပွဲ ကပြရခြင်း အကြောင်း တင်မောင်ဆန်းမင်းဝင်း ရှင်းပြ

0
408

imsmw

တင်မောင်ဆန်းမင်းဝင်း ရဲ့ မိုးရာသီ အပတ်စဉ် အထူး ဖျော်ဖြေပွဲကို ဇွန်လ ၁၇ ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာနေ့၊ စနေနေ့တွေ မှာ မျှော်စင်ကျွန်း၊ ရွှေဇာတ်ရုံမှာ ကပြဖျော်ဖြေလျက် ရှိပါတယ်။ ဒီဖျော်ဖြေပွဲမှာ တင်မောင်ဆန်းမင်းဝင်း နဲ့အတူ ဖခင်ဖြစ်သူ ဦးဆန်းဝင်း၊ သားဖြစ်သူ မင်းရွှေရောင်တင် တို့ကလည်း ပါဝင်တင်ဆက် ပေးလျက်ရှိပါတယ်။ မိုးရာသီ အပတ်စဉ် အထူးဖျော်ဖြေပွဲကို အရင်နှစ် ကလည်း ကပြခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုတွေ ရရှိခဲ့တာကြောင့် ဒီနှစ်မှာလည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ အရ ထပ်မံ ကပြခဲ့ တာဖြစ်ပါတယ်။ တကယ် ဆိုရင် မိုးတွင်းကာလက ဇာတ်သဘင် ရာသီနားတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေ ရဲ့ တောင်းဆိုမှု အရရော၊ ဇာတ် အဖွဲ့သားတွေ ရဲ့ စားဝတ်နေရေး အတွက်လည်း ထည့်သွင်း စဉ်းစားပြီး ကပြခြင်း လည်းဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်း က ပြောပါတယ်။

“အရှင်းဆုံးပြောရရင် မိုးတွင်းက ကျွန်တော် တို့ရဲ့နားတဲ့ ရာသီပါ။ မိုးတွင်းမှာ နားတဲ့ အခါကျရင် ဇာတ် အဖွဲ့သားတွေ အလုပ် လက်မဲ့ဖြစ် ကြမယ်။ ဒါကြောင့်လည်း အဲဒီလို မဖြစ်စေချင်တဲ့ အတွက်ကြောင့် မနှစ်က တည်းက စတင်ပြီး ကခဲ့တာပါ။ ကျွန်တော့် အနေနဲ့ ၂ ပိုင်း ခွဲပြီး အလုပ်လုပ် ခဲ့ရပါတယ်။ မိုးရာသီ အတွက် တစ်ပိုင်း၊ ဇာတ်အတွက် တစ်ပိုင်း ဆိုပြီး အလုပ် လုပ်ခဲ့ရတယ်။ မိုးရာသီ အတွက် တစ်ပိုင်း မှာက မိုးရာသီမှာ လုပ်ကြမယ့် ၃ နာရီစာ အတွက် ထိထိမိမိ ရှိအောင် တင်ဆက်မှုတွေကို ဖန်တီးရပါတယ်”  လို့ ပြောပါတယ်။ မိုးရာသီ အပတ်စဉ် အထူး ဖျော်ဖြေပွဲကို ၃ လ ကပြ သွားမှာဖြစ်ပြီး ပထမတစ်လမှာ ပြဇာတ်နဲ့ နှစ်ပါးသွားကို အဓိကထား တင်ဆက် မှာဖြစ်ပြီး ဒုတိယလမှာ နောက်ပိုင်း ဇာတ်တော်ကြီး တွေကို တင်ဆက်မှာ ဖြစ်သလို နောက်ဆုံးလ မှာတော့ နတ်သမိုင်း ဇာတ်ထုပ်တွေ အကြောင်းကို တင်ဆက်သွား မှာဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်း ကမကြာခင်မှာ ကျင်းပတော့ မယ့် တောင်ပြုန်း ပွဲတော်တွင် ဇာတ်ရုံ အမှတ်(၁)မှာ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ငါးရက်တာ ကပြသွားမှာဖြစ်တယ် လို့ သိရပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here