ကျန်းမာရေး အခြေအနေများအရ လစ်လပ်နေသည့် ယာယီသမ္မတ တာဝန်များအား နစကဥက္ကဋ္ဌထံ လွှဲအပ်

0
267

ယခုလကုန်တွင် ကျင်းပရန် ရှိနေသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ယာယီသမ္မတ တာဝန်အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင်လ (၂၂) ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေအနေဖြင့် ကျန်းမာရေးအရ ဆေးခွင့်ယူထားစဉ်ကာလအတွင်း ယာယီသမ္မတ တာဝန်လစ်ဟင်း နေစဉ်ကာလတွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နစက ဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ အကြောင်းကြားစာပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ (၁၁) နာရီခွဲအချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု ဇူလိုင်လကုန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပကာ တိုင်းပြည်၏ အခြေအနေများကို ယာယီသမ္မတထံ တင်ပြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here