နိုင်ငံတကာကလေးများ၏ ဖျော်ဖြေပွဲဖြစ်သည့် “We are the BRIDGE Festival 2024” သို့ မြန်မာကျောင်းသား/သူ လေးဦးတတ်ရောက်ခဲ့

0
79

ဖူကုအိုကာမြို့ရှိ Asia-Pacific Children’s Convention (APCC) မှ ကြီးမှူး၍ နိုင်ငံတကာ ကလေးသူငယ်များ ချစ်ကြည်ရင်းနှီးမှု ဖလှယ်ရေးစီမံချက်အဖြစ် ကျင်းပသည့် Bridge Kids Summer Camp Program ၏ နိုင်ငံတကာကလေးများ၏ဖျော်ဖြေပွဲဖြစ်သော “We are the BRIDGE Festival 2024” သို့ မြန်မာကျောင်းသား/သူ (၄)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ဇူလိုင်လ (၁၉) ရက်တွင် ဖူကုအိုကာမြို့ရှိ Lalaport Fukuoka ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံအမတ်ကြီးဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နှင့် နိုင်ငံတကာ ကျောင်းသားကျောင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုဖလှယ်သည့် အဆိုပါ ပွဲတော်နှင့် Bridge Kids Summer Camp အစီအစဉ်သို့ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှ အသက် ၁၁ / ၁၂ နှစ်အရွယ် ကလေးများပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်မြို့ရှိ အ. ထ.က (၁) ဒဂုံ၊ ကမာရွတ်လေ့ကျင့်ရေးကျောင်းနှင့် အောင်ဆန်းသူရိယလှသောင်းကျောင်း တို့မှ ကျောင်းသား/ ကျောင်းသူ (၄) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးဦးစိုးဟန်သည် ကူမာမိုတိုမြို့ရှိ ကိုတိုကောလိပ်သို့ သွားရောက်လေ့လာခဲ့ပြီး ကူမာမိုတိုမြို့ရှိ ဒေသန္တရ လွှတ်တော် အမတ်၊ ကျူရှုး-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များနှင့် မြန်မာအလုပ်သင် အလုပ်သမားများအား လက်ခံထားရှိသော ဂျပန်လုပ်ငန်းရှင်များနှင့် ဂျပန်သက်ကြီး ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြန်မာနှင့်ကူမာမိုတိုပြည်နယ်တို့အကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာအလုပ်သင်အလုပ်သမားများ ခေါ်ယူဆောင်ရွက်နေမှု အခြေအနေနှင့် မြန်မာသံရုံးမှ လိုအပ်သည့် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here