ယခုဘဏ္ဍာနှစ်၏ သုံးလအတွင်း တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောတန်ချိန်(၁၁၀၀၀၀)ကျော် တင်ပို့ထားပြီးဖြစ်

0
144

ကချင်ပြည်နယ်အတွင်း ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဧပြီ၊ မေနှင့် ဇွန် သုံးလတာ ကာလအတွင်း တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောတန်ချိန်(၁၁၀၀၀၀)ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတင်ပို့မှုတွင် ဧပြီလ၌ ကားအစီးရေ ၃၁၀၇ စီးဖြင့် မက်ထရစ်တန်ချိန် ၇၇၆၇၅ တန်၊ မေလ၌ ကားအစီးရေ ၁၂၂၆ စီး မက်ထရစ်တန်ချိန် ၃၁၅၂၇ တန်၊ဇွန်လ၌ ၁၃၆ စီး မက်ထရစ်တန်ချိန် ၄၂၄၂ တန်တင်ပို့ထားကြောင်း သိရသည်။

ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ ငွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များနှင့် တရုတ်ပြည်တစ်နိုင်ငံလုံးသို့တင်ပို့လျက်ရှိရာရုရှားနယ်စပ်အထိ ရောက်ရှိကြောင်း သိရသည်။

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့်ကုမ္ပဏီစုစုပေါင်း ၂၀ ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

ပြည်တွင်း၌ တစ်သျူးငှက်ပျောကို ကချင်ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငါးအိုးမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here