ထရမ့် လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုချက်အများအပြားကို အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲငြင်းပယ်

0
463

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမတိုင်မီကပင်လျှင် ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ၏လုံခြုံရေးကို အားဖြည့်ပေးရန်အတွက် တောင်းဆိုချက်အများအပြားကို ငြင်းဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ဝန်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကင်ဘာလီချီတယ်လ်က အတည်ပြုပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် တာဝန်ခံမှုဆိုင်ရာ ကော်မတီရှေ့တွင် ကင်ဘာလီချီတယ်လ်က ပြောကြားရာတွင် လျှို့ဝှက်ထောက်လှမ်းရေးအနေဖြင့် တောင်းဆိုမှုမည်မျှ ငြင်းပယ်ခဲ့သည်ကို ပြောကြားရန်ကိုမူ ငြင်းဆိုခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့က ပင်ဆယ်ဗေးနီးယားပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ဒေါ်နယ်ထရမ့် သည်သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ ကိုယ်စားလှယ်လောင်း ထရမ့်သည် နားတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ သေနတ်သမား သောမတ်စ်မက်သယူးခရွတ်(အသက် ၂၀)အား သမ္မတများ၊ သမ္မတလောင်းများနှင့် သမ္မတဟောင်းများ အပါအဝင် အဆင့်မြင့်အရာရှိများကို အကာအကွယ်ပေးရန် တာဝန်ယူထားရသည့် အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။ ယင်းအမှုကို FBI က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here