အင်ဒို ကုန်သင်္ဘောတစ်စင်း ပျောက်ဆုံးနေပြီး ရေတပ်သင်္ဘောနှစ်စင်း အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေ

0
384

လူ ၁၂ ဦးပါတဲ့ အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ပါပူအာ အရှေ့စွန်း ကမ်းလွန်ရေပြင်မှာ ပျောက်ဆုံးနေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်လံရှာဖွေနေကြေတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အဆိုပါ ကုန်သင်္ဘောဟာ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနအတွက် ဆက်သွယ်ရေး တာဝါတိုင်တွေတည်ဆောက်ဖို့နဲ့ အခြားအခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သင်္ဘောဟာ ယာဟူကီမိုကုန်းမြင့်ဒေသမှာ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ် တနင်္လာနေ့က ယင်းဒေသဆီ ခုတ်မောင်းသွားခဲ့ပေမယ့် နောက်နှစ်ရက်အကြာမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဖက်ဟီလာ မာသာက ပြောဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးအေဂျင်စီဟာ အမှုထမ်း ၁၅၀၊ ရေတပ် သင်္ဘောနှစ်စင်းနဲ့အတူ စနေနေ့ကစလို့ သင်္ဘောပျောက် ရှာဖွေမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် အိုင် ဝါယန်ဆူယာတနာက ပြောဆိုပါတယ်။

သင်္ဘောဟာ ဘာကြောင့် အဆက်အသွယ်ပျောက်သွားရတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အေဂျင်စီက ပြောဆိုခဲ့ပါတယ်။

Ref: yahoo news


LEAVE A REPLY

Please enter your comment!
Please enter your name here