ဂျပန်ကုမ္ပဏီ (၂၀၀)ကျော်မှ မြန်မာလုပ်သား (၁၁၀၀) ကျော် ကို အလုပ်ခေါ်ယူရန်ကမ်းလှမ်းထား

0
72

ဂျပန်ကုမ္ပဏီ နှစ်ရာကျော်မှ မြန်မာလုပ်သားများ (၁၁၀၀) ကျော်ကို အလုပ်ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများမှ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (၂၁၈) ခု၏ အချက်အလက်များကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားထားကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုသို့ စိစစ်ချက်များအရ မြန်မာအလုပ်သမား အမျိုးသား (၄၀၀) ကျော်၊ အမျိုးသမီး (၆၀၀) ကျော်၊ စုစုပေါင်း (၁၁၀၀) ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်းထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိစစ်ရာတွင်လည်း အလုပ်ခေါ်ယူသည့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီ၊ အလုပ်ခေါ်ယူသည့် စက်ရုံ / ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ၊ မရှိ အပါအဝင် စာရွက်စာတမ်း အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here