စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုကို အခြေခံသော ဒေသများသို့ လာရောက်လေ့လာမှု များပြားလာ

0
106

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုကို အခြေခံသောဒေသများသို့ လာရောက်လေ့လာလည်ပတ်ကြသူများ များပြားလာကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းအများစုက ယဉ်ကျေးမှုကို အခြေခံပြီး ဘုရား၊ ပုထိုး၊ စေတီတွေကို လာရောက်ဖူးမြှော်ကြတယ်။ ရှေးဟောင်းအမွေအနှစ် အနုလက်ရာတွေကို လာရောက်လေ့လာကြတဲ့ ခရီးသွားဧည့်သည်တွေကအများစုဖြစ်တယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

တစ်လတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင်နိုင်ငံခြားသားခရီးသွား (၂၀၀) ကျော်နှင့် ပြည်တွင်းခရီးသွား (၁၂၀၀၀) ခန့်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“နာမည်ကျော် စစ်ကိုင်းတံတားနဲ့ ငွေထည်ကြေးထည်လုပ်ငန်းတွေ၊ ဂစ်တာလုပ်ငန်း၊ စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့နဲ့ (၁၆)မိုင်လောက်ဝေးတဲ့ မင်းကွန်းဒေသက ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီးနဲ့ မြသိန်းတန်စေတီတော်တွေဟာ ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်ချင်အောင်ဆွဲဆောင်နေပါတယ်”ဟု စစ်ကိုင်းမြို့နေသူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရီးသွားဇုန် (၆)ဇုန်ရှိသည့်အနက် စစ်ကိုင်းခရီးသွားဇုန်သည် ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်စားစွာ လာရောက်လည်ပတ်မှု အများဆုံးဇုန်အဖြစ် ရပ်တည်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here