တာချီလိတ်မြို့တွင် သိန်း (၁၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ၊ ပစ္စတို‌ေ-သနတ် ၁ လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ

0
375

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ငွေကျပ် (၁၂၅၃.၅) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ၊ ပစ္စတို‌ေ-သနတ် (၁)လက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ဝင်လမ်းနေ မယေ့မိန်း ၏ နေအိမ်အား ဇူလိုင် (၂၁) ရက်၊ ညနေ (၄)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ဝ.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၆၅) သိန်း)၊ အက်တက်စီဆေးပြား (၉၅၀) ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၃၈၀) သိန်း)၊ Happy Water အလေးချိန် (ဝ.၇၃၅) ကီလို(ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ် (၈၀၈.၅) သိန်း )၊ ပစ္စတို‌ေ-သနတ် (၁) လက်၊ ၎င်းကျည် (၁၀) တောင့်၊ ကျည်အိမ် (၁) ခုနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်အရ မယေ့မိန်း(၃၃)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here