အီသီယိုပီးယားမှာ မိုးကြီး မြေ-ပြိုမှုကြီးဖြစ်ပွားခဲ့ပြီး ရွှံ့မြေအောက်မှ ရုပ်အလေ-ာင်း ၅၀ ခန့် ဆွဲထုတ်ရရှိထား

0
317

အီသီယိုပီးယားနိုင်ငံ တောင်ပိုင်းမှာ မြေ-ပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် တနင်္လာနေ့က ရွှံ့မြေတွေအောက်ကနေ ရုပ်အလေ-ာင်း ၅၀ ခန့် ဆွဲထုတ်ရရှိထားတယ်လို့ ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုပါတယ်။

“ မနေ့ညက မိုးသည်းသည်းမဲမဲရွာခဲ့ပါတယ်၊ မြေပြိုမှုဖြစ်စဉ်မှာ လူအချို့ ‌ေ-သဆုံးခဲ့ပါတယ်” လို့ တောင်အီသီယိုပီးယားပြည်နယ် ဂိုဖာခရိုင် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာဆာဟွန် အဘေယာနက်က ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ အပါအဝင် ဒေသခံတွေက ပထမမြေ-ပြိုမှုဖြစ်စဉ်အတွင်း ဘေးဒုက္ခရောက်သူတွေကို ကယ်ဆယ်ဖို့ရာ အခင်းဖြစ်နေရာမှာ စုဝေးရောက်ရှိခဲ့ကြကြောင်း ယင်းနောက် မနက် ၁၀ နာရီလောက်မှာ ဒုတိယအကြိမ် မြေ-ပြိုမှုထပ်ဖြစ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ စုဝေးရောက်ရှိနေကြသူတွေပါ ‌ေ-သဆုံးခဲ့ရကြောင်း ၎င်းက ပြောဆိုပါတယ်။

‌ေ-သဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတွေ၊ က-လေ-းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါခဲ့တယ်လို့ ဂိုဖာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး မက်စ်ကီယာ မစ်ကူက ပြောဆိုတယ်လို့ အီသီယိုပီးယား အသံလွှင့်ဋ္ဌာန(EBC) က ဖော်ပြခဲ့ပါတယ်။

မြေ-ပြိုမှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်တောင်စောင်းနေရာမှာ လူအများအပြားက ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေခဲ့တာကို EBC ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

Ref: Alarabiya News, The Sun


LEAVE A REPLY

Please enter your comment!
Please enter your name here