မြေပြိုဘေး အဖြစ်များတတ်သော ရာသီဖြစ်၍ သတိပြုရန် လိုအပ်ဟု ထုတ်ပြန်ထား

0
89

ယခုမိုးရာသီအတွင်း ဇွန်လမှ ဩဂုတ်လများအတွင်း မြေပြိုမှုဘေးအန္တရာယ်သည် အဖြစ်များသောကြောင့် သတိပြုရန် လိုအပ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

မြေပြိုမှု ဘေးအန္တရာယ်သည် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုအလွန်နည်းပါးသော်လည်း လူ့အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားလှသည့် ဘေးအန္တရာယ် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုသည်။

၂၀၂၃ -၂၀၂၄ နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြိုခြင်း အကြိမ်ရေ(၂၆)ကြိမ်ဖြစ်ပွားခဲ့ကာ လူနေအိမ်အဆောက်အဦပေါင်း(၃၆)လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး လူ(၄၄) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မြေပြိုဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ကာကွယ်ဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here