လားရှိုးတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့တွင်း ပိတ်မိနေသူများ စစ်ရှောင်ရန် ကြိုးစားနေကြရ

0
243

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ (၂၃) ရက်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကာ မြို့တွင်း၌ ကျန်ရှိနေသည့် ဒေသခံပြည်သူများပြားထွက်ခွာရန် ကြိုးစားနေကြသည်ဟု သိရသည်။

စစ်ရှောင်ကြမည့် ပြည်သူများသည် လားရှိုးမြို့အထွက် မုဒ်ဦး၌ ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိတန်းစီနေကာ လားရှိုးမြို့မှ ထွက်ခွာမည့် မည်သည့်ယာဉ်မဆို ယာဉ်လိုင်းကားခဈေးလည်း မြင့်တက်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဒီက ထွက်လို့ရရင်ပြီးရော၊ တတ်နိုင်တဲ့သူတွေကလည်း ကားခတွေပေးကြတယ်။ တောလမ်းကနေ ဖြစ်သလိုသွားနေတဲ့ လူတွေလည်းရှိတယ်” ဟု ယခုအချိန်ထိ ကျန်ရှိနေသူ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

ယခုလက်ရှိတွင်မူ ဒေသအခေါ် နားမခေါ်၊ မယ်ဟန်၊ အောင်သစ္စာဘက်များတွင် တိုက်ပွဲများ ဖြစ်နေကာ လားရှိုးမြို့အထွက်ကိုမူ တိုက်ပွဲများ နည်းသည့်အချိန်တွင် တပ်မတော်ဘက်က လမ်းပြန်ဖွင့်ပေးကြောင်း သူမက ဆိုသည်။

ထို့ပြင် မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့၏ သံချပ်ကာကားများ သွားလာနေကာ မြို့တွင်း၌ သွားလာသူတချို့ရှိပြီး ရပ်ကွက် ဈေးဆိုင်အချို့ ရောင်းချပေးနေဆဲဖြစ်သည်ဟု သိရသည်။

လက်ရှိ လားရှိုးမြို့ အမြင့်ပိုင်းများတွင် MPT၊ MYTEL ဖုန်းနှင့် အင်တာနက်လိုင်း အသုံးပြု၍ရနေကြောင်းလည်း သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ကမူ တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ ဇူလိုင်လ (၁၉) ရက်မှ ဇူလိုင် လ (၃၁)ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လားရှိုးတွင် ယနေ့အထိ ဆက်လက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကာ ပြည်သူများ ထိခိုက်‌ေ-သဆုံးမှုများရှိလာနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here