ယနေ့ ယှဉ်ပြိုင်ကစားသည့် ဧရာဝတီအမျိုးသမီးအသင်း ပွဲထွက်စာရင်းတွင် ကွင်းလယ်ကစားသမား သန်းသန်းထွေး ပါဝင်လာ

0
174

ယနေ့ ဇူလိုင်(၂၃)ရက် ညနေ(၃)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲ Week-9 ပွဲစဉ်၏ ဧရာဝတီအမျိုးသမီးအသင်း ပွဲထွက် စာရင်းတွင် ကွင်းလယ်ကစားသမား အဖြစ်လက်‌ရွေးစင်ကစားသမား သန်းသန်းထွေး ပါဝင်လာခဲ့သည်။

သူမသည် အသင်း၏ ကျောနံပါတ် (၇)အားဝတ်ဆင်ကစားသွားမည်ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအသင်းမှ ပထမဆုံး ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။

အတွေ့အကြုံရင့် ကစားသမားတစ်ဦးအနေဖြင့် လူငယ်ကစားသမားများအတွက် အတွေ့အကြုံတွေမျှဝေပြီး ပိုမိုတိုးတက်လာအောင် လက်တွဲခေါ်ယူပေးသွားမည်ဟုလည်း သန်းသန်းထွေးက ဆိုထားသည်။

ယနေ့တွင် မြဝတီအမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ မြဝတီအမျိုးသမီးအသင်းသည် အုပ်စုတွင်း အဆင့် (၄)နေရာတွင်ရပ်တည်နေပြီး ဧရာဝတီအသင်းသည် အဆင့်(၃)နေရာတွင် အထက်အောက်ရပ်တည်နေသော အသင်းများဖြစ်သည်။

ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းတွင် သန်းသန်းထွေး၏ အသင်းဟောင်းဖြစ်သည့် ဇွဲကပင်ယူနိုက်တက်အသင်းမှ ကစားဖော်ဟောင်းများဖြစ်သည့် အသင်းခေါင်းဆောင် လဲ့လဲ့လှိုင်၊ စန်းသော်သော်တို့နှင့်အတူ ပြန်လည်တွေ့ဆုံမှုလည်းဖြစ်သည်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်သူ တစ်ဦးဖြစ်သည့် သန်းသန်းထွေးသည် ဧရာဝတီတိုင်းအမျိုးသမီးဘောလုံးတိုးတက်ရေး၌ ပြန်လည်ပါဝင်ကူညီရန်အတွက် ဧရာဝတီအက်ဖ်စီအမျိုးသမီး အသင်းအတူ လက်တွဲခဲ့ခြင်းဖြစ်သည်ဟု အသင်းက ယနေ့တွင် တရားဝင်ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here