အမေရိကနှင့်ဂျပန် လုံခြုံရေးဆွေးနွေးမည်

0
275

တိုကျို၊ဇူလိုင် ၂၂

အမေရိကန်နှင့်ဂျပန် ကာကွယ်ရေးဝန်ကြီးများသည့် လာမည့်ဇူလိုင်လ ၂၈ ရက်နေ့တွင် နှစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးကို ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုခါမိခဝနှင့်လည်းတွေ့ဆုံမည်ဖြစ်ပြီး၊အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်‌အော်စတင်ကမူ ဂျပန်နှင့်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးများနှင့်ပါတွေ့ဆုံကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုလည်းသိရသည်။

အမေရိကနှင့်ဂျပန်တို့သည် ၁၉၅၁ ခုနှစ် နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးစတင်ချိန်ကတည်းက အခိုင်မာဆုံးအဖြစ် သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည့် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးအစီအစဉ်များစွာကိုလည်း ပြီးခဲ့သည့်ဧပြီလကကြေငြာခဲ့ကြသည်။

အဆိုပါကြေငြာချက်တွင် နှစ်နိုင်ငံလုံးသည် တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းခြိမ်းခြောက်မှုများကိုဟန့်တားရန် ကြိုးပမ်းနေရ၍ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှုတိုးတက်စေရန် စစ်ရေးကွပ်ကဲမှုတည်ဆောက်ပုံများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုများလည်းပါဝင်သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here