သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်း ယာယီပိတ်ထားရ

0
184

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာသင်‌ကျောင်းများကို ဇူလိုင် (၂၂) ရက်မှ (၂၆) ရက်အထိ ယာယီပိတ်ထားပြီး စာသင်ကြားမှုနောက်ကျမှုမရှိစေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အစားထိုးသင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် လဆန်းပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ တိုးမြင့်လာသည့်အတွက်လည်း မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့ရွာများ ၌ လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အဆိုပါ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေလျှံမှုတို့ကြောင့် စာသင်ကျော င်းပေါင်း (၁၀၀) ကျော်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ငဝန်မြစ်ရေ လျှံတက်နေမှုကြောင့် မြစ်ကမ်းအ နီးရှိ မြို့ပေါင်း (၂၂) မြို့၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ဧရာ၀တီမြစ်ရေကြီးခြင်းကြောင့် မြစ်လယ်ပိုင်းနှင့် မြစ်အောက်ပိုင်းမှ မြို့များမှာ ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး မန္တ လေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟ င်္သာတ၊ ဇလွန် စသည့် မြို့ (၁၃) မြို့ ပါဝင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here