မြန်မာ့လက်ရွေးစင် သန်းသန်းထွေး ပြန်လည်ပါဝင်လာသည့် ဧရာဝတီအမျိုးသမီးအသင်း မြဝတီအသင်းအား (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
ယမန့်နေ့ ဇူလိုင်(၂၃)ရက် ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ Week-9 ပွဲစဉ်အတွင်းအနိုင်ရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ ပွဲချိန် (၄၄)မိနစ် အချိန်တွင် နော်ထက်ထက်ဝေက(၁)ဂိုး၊ ပွဲချိန် (၅၁)မိနစ်တွင် စန်းသော်သော်က (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
မြဝတီအသင်းက ချေပဂိုးအား ပွဲချိန် (၇၆)မိနစ်တွင် ပန်းအိခိုင်က (၁)ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
လက်ရှိတွင် မြဝတီအမျိုးသမီးအသင်းသည် အုပ်စုတွင်း အဆင့် (၄) နေရာတွင် ရပ်တည်နေပြီး ဧရာဝတီအသင်းသည် အဆင့်(၃)နေရာတွင် အထက်အောက်ရပ်တည်နေသော အသင်းများဖြစ်သည်။
ယမန်နေ့က ပြီးဆုံးခဲ့ပြီဖြစ်သည့် Myanmar Women League 2024 ဒုတိယအကျော့ Week-9 ပွဲစဉ်အပြီး အမှတ်ပေးဇယားရပ်တည်မှုတွင် ရန်ကုန်ယူနိုက်တက်၊ အား/ကာသိပ္ပံနှင့် ဧရာဝတီအသင်းတို့ အစဉ်လိုက် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်ပြီး နာမည်ကြီး မြဝတီနှင့် သစ္စာအားမာန်အသင်းတို့မှာ အဆင့် (၄)၊(၅) နေရာများတွင် ရောက်ရှိနေသည်ကို တွေ့ရသည်။
ပွဲစဉ်အပြီး အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီနောက်ခံလူ ဇွန်ယုယဦးက ရရှိခဲ့သည်။





