သုံးလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် သုံးရာကျော်တင်ပို့

0
96

ယခုဘဏ္ဍာနှစ်၏ သုံးလတာ ကာလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၃၃၅.၃၁ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၀.၈၁၆ သန်း ရရှိထားကြောင်း သိရသည်။

သုံးလတာကာလအတွင်း မြန်မာ့ပျားရည်ကို ဂျပန်နိုင်ငံသို့ ပုဂ္ဂလိကကဏ္ဍမှ အများဆုံး တင်ပို့ထားပြီး တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့သည်လည်း အဓိက ဝယ်လက်နိုင်ငံများဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစားသုံးရန်အတွက် နှစ်စဉ်ပျားရည်တန်ချိန် ၂၀၀၀ ခန့်ထုတ်လုပ်နိုင်ပြီး ပြည်ပသို့လည်း နှစ်စဉ်တန်ချိန် ၄၀၀၀ ခန့်တင်ပို့လျက်ရှိကာ ယခုနှစ်၌ တန်ချိန် ၃၀၀၀ ကျော်တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုရှိ မြို့နယ်ပေါင်း (၂၄) မြို့နယ်မှ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမွေးမြူသူများမှ နှစ်စဉ်ပျားရည်ထုတ်လုပ်လျက်ရှိပြီး နိုင်ငံပိုင် စိုက်ပျိုးသီးနှံဧက (၁၅)သိန်းအား ဝတ်မှုန်ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိရာ လက်ရှိတွင် နှမ်းပျားရည်ထုတ်လုပ်နေသည့် အချိန်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here