ဧရာဝတီတိုင်း ရေကြည်မြို့နယ်၌ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၃၆) ကျောင်း ယာယီပိတ်ထားရ

0
214

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ကာ စာသင်ကျောင်း (၃၆) ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ/ ဆရာမများ၊ ကျောင်းသား / ကျောင်းသူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းတို့ကြောင့် ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြည်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ် တန်းကျောင်း (၈)ကျောင်းနှင့် မူလတန်းကျောင်း (၂၆)ကျောင်း၊ စုစုပေါင်း(၃၆)ကျောင်းကို ယာယီပိတ်ထားရပြီး ပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ် တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုး သင်ကြားသွားရန် စီမံထားကြောင်းလည်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့် ဇူလိုင်လ (၃၀) ရက်အထိ တိုင်းနှင့် ပြည်နယ်အနှံတွင် မိုးရွာသွန်းမည်ဖြစ်ကြောင်းလည်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here