လားရှိုးအသံ

0
262

လက်ရှိတွင် လားရှိုးမြို့ပြင်ဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူသောင်းနှင့်ချီပိတ်မိနေပြီး၊ ဝင်ရောက်ကယ်ဆယ်နေသော ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“လက်နက်ကိုင်ကိုးကန့်တွေကို လားရှိုးမြို့ခံ ပြည်သူ အများစု(ကိုးကန့်ပြည်သူတွေအပါ)က မကြိုက်ကြဘူး။သူတို့ဝင်လာလို့မြို့ပျက်တယ်လို့ခံစားကြတယ်။ သူတို့ကအရပ်ဝတ်လဲပြီး ၅ယောက်၊၁၀ယောက် တဖွဲ့ လောက်နဲ့ မြို့ထဲ ကို စိမ့်ဝင်လာကြတာ၊ လူမရှိတဲ့ စစ်ရှောင် အိမ်အနောက်တွေကနေ တဖြေးဖြေး ဝင်လာကြတာ။တပ်နဲ့တိုက်ချင်တယ်ဆိုရင်လည်း တပ်တွေကမြို့ပြင်မှာလေ၊မြို့ထဲဝင်တော့ ကျန်ခဲ့တဲ့ပြည်သူတွေဒုက္ခရောက်ကြတယ်။ စစ်ရှောင်ထဲ မပါဘဲကျန်ခဲ့တဲ့သူတွေက ဒုက္ခိတတွေ၊ငွေကြေးခက်ခဲတဲ့သူတွေ၊ လားရှိုးကို ဘာဖြစ်ဖြစ် မစွန့်ဘူးဆိုတဲ့ သူတွေပဲ ကျန်တာလေ”ဟု မြို့ခံ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“မြို့တော်ခန်းမနားက လားရှိူးမိုတယ်လည်း အတော်ပျက်သွားပြီ။ တစ်တော့မှာတင်ထားတာတော့ တရုတ်လိုပြောတဲ့အသံတွေနဲ့ မိုတယ် ဧည့်ခန်းကိုရိုက်ပြထားတာ တွေ့တယ်၊ တစ်တော့တခုမှာတော့ အကျဆုံးများနေတဲ့ မြောက်ပိုင်းအဖွဲ့က အလော-င်းတွေကားပေါ်တင်နေတာ တွေ့တယ်”ဟု စစ်ရှောင်လာသူတစ်ဦးက ၄င်းတွေ့သော ရုပ်သံ ဖိုင်ကို ကိုးကားပြောဆိုသည်။

“အသိတယောက်ရဲ့ဆိုင်ဖောက်ခံရတော့ အကုန်ပါသွားတယ်၊အစားအသောက်ကိုအဓိကထား ယူနေကြတယ်။ အိမ်တွေထဲလည်း ဘာရှိမလဲ ဖောက်ကြတာ ရှိတယ်။ရပ်ကွက်ထဲလည်း လက်နက်ကြီးကျပြီး မီးလောင်တာတွေရှိတယ်။တခုကံကောင်းတာက အိမ်တွေကစိပ်မနေတာရယ်၊လေငြိမ်တာရယ်ကြောင့် မီးအများကြီးမကူးတာကံကောင်း၊ဒီနေ့မှ မြို့ကထွက်တဲ့သူတွေလည်းရှိတယ်။ကျန်ခဲ့တဲ့သူတွေကလည်း ညဖက်ဆို လက်နက်ဒဏ်ခံနိုင်မယ့်အိမ်ကောင်းတွေဆီ ရွှေ့အိပ်ကြရတယ်၊ မဖြစ်တဲ့ရပ်ကွက်တွေကို ပြောင်းအိပ်ကြတယ်”ဟု မြို့ကျန်လူအချို့ကဆိုသည်။

“မြောက်ပိုင်းကတိုက်နေတဲ့အဖွဲ့အစည်းတွေက ယူနီဖောင်းပြောင်းပြီးတိုက်နေကြပုံပဲ၊ ဒီလောက်တိုက်ပွဲရက်ရှည်တာတောင် မဟိုက်ကြသေးတာက ဓါတုဆေးဝါးတွေများသုံးလို့လားမသိဘူးဟု” စစ်ရှောင်တစ်ယောက်ကပြောသည်

ယနေ့ ဇူလိုင်(၂၅)ရက် နံနက်(၄)နာရီအချိန်တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေးက ပြန်လည်ဖြေကြားခဲ့ရာ
“မှန်ကန်မှု မရှိပါဘူး။ လားရှိုးမြို့အချို့အစွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင်လာ၍ လိုက်လံရှင်းလင်းနေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

MNDAA အနေဖြင့် တရုတ်၏ တောင်းဆိုမှုကြောင့် ယခု လကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲထားမည်ဖြစ်‌ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း ၎င်းတို့ ဝင်ရောက်တိုက်ခိုက်နေသည့် လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here