မိုးကုတ်မြို့နေ လူထု၏ လုံခြုံရေးအတွက် အသက်ခန္ဓာများ မငဲ့ဘဲ အစွမ်းကုန်တိုက်ခိုက်ဆောင်ရွက်လျက်‌ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောကြား

0
345

မိုးကုတ်မြို့ဝန်းကျင်မှာရှိသည့် လုံခြုံရေးတပ်စခန်းများကို TNLA အဖွဲ့က ပြီးခဲ့သည့် ဇွန်လတတိယပတ်လောက်မှစပြီး တိုက်ခိုက်နေတာဖြစ်‌ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း မိုးကုတ်မြို့နှင့် မြို့နေလူထုလုံခြုံရေးအတွက်
အသက်ခန္ဓာများ မငဲ့ဘဲ အစွမ်းကုန် တိုက်ခိုက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးဇော်မင်းက ပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် မိုးကုတ်မြို့နှင့် လားရှိုးမြို့ အခြေအနေများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင် (၂၅)ရက်တွင် ရှင်းလင်း‌ ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ရေးအခြေအနေများအရ လုံခြုံရေး စခန်းနေရာအချို့ကို စစ်ဗျူဟာအရ ရွှေ့ပြောင်းပေါင်းစည်းခြင်းများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ TNLA အကြမ်းဖက်သမားများက မိုးကုတ်မြို့နေ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို အလေးမထားဘဲ အကြမ်းဖက်တိုက်ခိုက်မှုများဆက်တိုက်ဆောင်ရွက်နေခြင်းကြောင့် အပြစ်မဲ့ပြည်သူများစွာ ‌ေ-သကြေဒဏ်ရာရမှုများရှိခဲ့သလို နေအိမ်ဥစ္စာပစ္စည်းများစွာလည်း ပျက်စီးဆုံးရှုံးနေရကြောင်း ပြောကြားသည်။

TNLA အကြမ်းဖက်သမားများ၏ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်ရန်အတွက် ဇူလိုင် (၂၄) ရက်တွင်လည်း မိုးကုတ်တစ်မြို့လုံးကို သိမ်းပိုက်နိုင်ပြီး ၎င်းတို့အဖွဲ့ကို ပြည်သူများက ကြိုဆိုကြောင်း ပုံများနှင့်ဖော်ပြလာခြင်းသည် ဝါဒဖြန့်ရန် လုပ်ကြံဖန်တီးရိုက်ကူးထားခြင်းသာဖြစ်ကြောင်း ဆိုသည်။

“ဘယ်ပြည်သူမှ သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ဖျက်ဆီးသ- တ်တဲ့ သူတွေကို သောင်းသောင်းဖျဖျ ကြိုဆိုမှာ မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့ရဲ့ မိသားစုဝင်တွေ သစ္စာမဲ့ CDM ဝန်ထမ်းအချို့ကို စုစည်းပြီး ဝါဒဖြန့်နိုင်ဖို့ ရိုက်ကူးထားခြင်းသာ ဖြစ်ပါတယ်”ဟု ရှင်းလင်းချက်အတွင်း ဗိုလ်မှူးဇော်မင်းက ပြောကြားသည်။

အလားတူ လားရှိုးမြို့ ကျသွားပြီး တပ်မတော်သားများ လက်နက်ချသည်ဆိုသည်မှာ မဟုတ်ကြောင်း၊ MNDAA အဖွဲ့က လားရှိုးမြို့ကို တိုက်ခိုက်လျက်ရှိရာတွင် ဒေသခံတိုင်းရင်းသားများကို နှိပ်စက်ညှင်းပမ်းခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး အရွယ်မရောက်သေးသည့် က-လေ-း သူငယ်များကိုပါ ရှေ့တန်းမှ အ‌ေ-သခံ တိုက်ခိုက်ခိုင်းလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် လားရှိုးမြို့အတွင်း စစ်ရေး
နှင့် မသက်ဆိုင်သည့် အရပ်ဖက်လူနေရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများအတွက် အပြစ်မဲ့ ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ ‌ေ-သဆုံးခဲ့ရကြောင်း၊ လားရှိုးမြို့ကို ဆက်လက်တိုက်ခိုက်ရာ၌ စိတ်ဓာတ်ရေးရာ အသာစီးရယူနိုင်ရန် လွန်ခဲ့သောနှစ်ပတ်ကျော်ခန့်က လားရှိုးမြို့နယ်အစပ် ကုန်းညောင်ရွာအနီး လေ့ကျင့်ရေး တပ်တစ်ခုကို တိုက်ခိုက်သည့်အခါ ဖမ်းဆီးရမိသည့် စစ်ပညာလုံလုံလောက်လောက် သင်ကြားတတ်မြောက်မှု မရှိသေးသော သင်တန်းသားများနှင့် နည်းပြအချို့ကို အသုံးချ၍ အင်အားများစွာ လက်နက်ချသလို လုပ်ကြံ ဝါဒဖြန့် ပြောဆိုနေခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ လားရှိုးမြို့၏ အနီးဝန်းကျင် လုံခြုံရေးတပ်စခန်းအချို့ စွန့်လွတ်ဆုတ်ခွာထားရသော်လည်း MNDAA ၏ ထိုးစစ်ကို အဆင့်ဆင့် ခံစစ်ဆင်ဟန့်တားလျက် ရှိနေပြီး၊ လားရှိုးမြို့အတွင်းသို့ MNDAA အဖွဲ့က အရပ်သား အယောင်ဆောင်ပြီး စိမ့်ဝင်မှုများရှိနေသည်ဟု ထပ်လောင်းပြောကြားသည်။

“တပ်မတော်အနေဖြင့် ဒါကိုလည်း လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိနေပြီး လားရှိုးမြို့အား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် လုပ်နိုင်လိမ့်မယ်ဟုလည်း အပြည့်အဝယုံကြည်ပါတယ်”ဟု ဗိုလ်မှူး
ဇော်မင်းက ပြောသည်။

စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများကိုလည်း များစွာဂုဏ်ယူပါကြောင်းနှင့် မြန်မာ့ရာဇဝင်ကို အကောင်းဆုံးရေးထိုးနိုင်ပါစေလို့လည်း ဆန္ဒပြုတင်ပြလိုကြောင်း ဆိုသည်။

“မိဘပြည်သူများကို နောက်ဆုံး ကျွန်တော်တင်ပြလိုတာကတော့ တပ်မတော် အနေနဲ့ မြို့ရွာများ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေဖို့နဲ့ ပြည်ထောင်စု မပြိုကွဲစေဖို့ကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ အကြမ်းဖက်သမားတွေရဲ့ မဟုတ်မမှန် ဝါဒဖြန့်ချိနေမှုတွေကို သတိပြုပြီး မယုံကြည်ကြဖို့နဲ့ တပ်မတော်နဲ့ အတူဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းတင်ပြအပ်ပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးဇော်မင်းက တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here