ပုပ္ပားမှာ ပွဲခံနေတဲ့ ခန့်စည်သူ

0
188

14017779_316938065307071_337820904_n

ခန့်စည်သူက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ “ပွဲခံမယ်” ဇာတ်ကားကို ထွန်းထွန်း၊ အိချောပိုတို့နဲ့အတူ ပုပ္ပားမှာ ရိုက်ကူးနေပြီး တူဖြစ်သူကို ဆုံးမမှုမရှိတဲ့ ဦးလေးအဖြစ် သရုပ်ဆောင်နေပါတယ်။ ဒါရိုက်တာ စတီးလ်နဲ့ ရိုက်ကူးတဲ့ ဇာတ်ကားတွေကပုံစံတစ်မျိုးကွဲထွက်နေကြောင်းကို ခန့်စည်သူက..

” သူ့ဇာတ်ကားတွေက ရိုက်ရိုးရိုက်စဉ်မဟုတ်ဘဲ ပုံစံတစ် မျိုးခွဲထွက်တယ်။ Taste တစ်မျိုးရမှာပါ။ ရှေ့မှာလည်း “သမီးလေးရွာ” ဇာတ်ကားကို သူနဲ့ရိုက်ဖူးတယ်။ မြန်မာဇာတ်ကားကို မြန်မာလိုရိုက်ကူးပေမယ့် တင်ဆက်မှု ပုံစံတစ်မျိုးကွဲထွက်တယ်” လို့ ပြောပါတယ်။ ရိုက်ကွင်းပေါ်မှာကော ဘယ်လိုထူးခြားတဲ့ အမှတ်တရတွေ ရှိခဲ့သေးလဲလို့ မေးတော့..

“ထွေထွေထူးထူးအမှတ်တရတော့ မရှိပါဘူး။ ဒါရိုက်တာစတီးလ်က သရုပ်ဆောင်တွေအကုန်လုံးကို သူလိုချင်တဲ့ပုံစံရဖို့ သေသေချာချာလေး ပြောတယ်။ အားလုံးကလည်း တက်ညီလက်ညီပဲ သရုပ်ဆောင်ကြတယ်။ ဟဲဗီးဒရာမာဇာတ်လမ်းပါ” လို့ ပြောပါတယ်။ အနုပညာလောကသားတွေ အားလုံးက ဟာသဆိုလည်း တင်ဆက်မှု ပုံစံတစ်မျိုးနဲ့ ဟာသ၊ ဒရာမာဆိုလည်း ချစ်၊ကွဲ၊ ညား၊ သုံးပွင့်ဆိုင် ပုံစံမျိုးမဟုတ်ဘဲ ပုံစံဆန်းဆန်းနဲ့ ရုပ်ရှင်ဇာတ်ကား တွေကို အပြိုင်အဆိုင်ရိုက်ကူးလာကြတာ တွေ့ရပြီး ရုပ်ရှင်ရုံတွေလည်း အပြိုင်အဆိုင်ဖြစ်လာသလို သရုပ်ဆောင်တွေ အားလုံးကလည်း အပြိုင်အဆိုင် ရိုက်ကူးလာကြတာကြောင့် သူများနဲ့မပြိုင် ရင်တောင် ကိုယ့်ဇာတ်ကားအချင်းချင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြိုင်ရတဲ့အထိ ဖြစ်လာကြောင်း ခန့်စည်သူက ပြောပါတယ်။ ချစ်သူရှိနေပြီလို့ကြား နေရတဲ့ ခန့်စည်သူကို အချစ်ရေးနဲ့ပတ်သက်ပြီးထပ်မေးတော့ “အမေက ပြောတယ်၊ ငယ်သေးတယ်” လို့လည်း ရယ်မောစွာပြောခဲ့ပါတယ်။ ခန့်စည်သူက ပြင်ဦးလွင်မြို့မှာလည်း ရွှေမှုန်ရတီ၊ အိချောပိုတို့နဲ့ ဇာတ်ကားသွားရောက်ရိုက်ကူးဦးမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here