တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ အားသွင်းစက်များနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

0
514

တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက်များနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ဇူလိုင် (၂၅)ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရောက်ရှိလာခြင်းဖြစ်သည်။

ထို့ပြင် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ တရုတ်နိုင်ငံထုတ် ARCFOX အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက်များလည်း ရောက်ရှိလာကြောင်း သိရသည်။

အလားတူ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here