အီသီယိုးပီးယား၌ မြေပြို၊ ‌ေ-သဆုံးသူ ၅၀၀ အထိ ရှိလာနိုင်–ကုလ

0
690

ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များက အီသီယိုးပီးယားနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် ၂၅၇ ဦးအထိရှိခဲ့ပြီး အဆိုပါပမာဏသည် နှစ်ဆအထိမြင့်တက်လာနိုင်သေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံးကပြောကြားခဲ့သည်။

အင်္ဂါနေ့ကအထိ ‌ေ-သဆုံးသူ ၂၂၉ ဦးအထိရှိခဲ့ကာ ၁၂၅ ‌ဦးအိုးမဲ့အိမ်မဲ့ဖြစ်ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် မြေပြိုမှုထပ်ဖြစ်နိုင်သေးသဖြင့် လူပေါင်း ၁၅,၀၀၀ ထက်မနည်းကို နေရာရွှေ့ပြောင်းပေးရန် အရေးတကြီးလိုအပ်နေပြီး ‌လက်ရှိတွင်လည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

မြေပြိုမှုတွင် မ‌ေ-သဘဲကျန်ရစ်ခဲ့သည့် အမျိုးသမီးတစ်ဦးကမူ ၎င်းနှင့်အတူသားသမီးခြောက်ယောက်လုံးမြေပြိုမှုထဲပါသွားခဲ့ပြီး အစ်ကိုဖြစ်သူက ကယ်ခဲ့သဖြင့် ကံကောင်း၍ပြန်လွတ်လာသော်လည်း သားသမီးလေးဦးနှင့်ခင်ပွန်းသည်မှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအကြီးအကဲ မစ္စတာဂူတားရက်စ်က ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး မြေပြိုမှုဒဏ်ခံရသူများကို ကူညီရန်အတွက် အစားအစာ၊ အာဟာရ၊ကျန်းမာရေးနှင့် အခြားအရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများကိုပေးပို့ကာ အီသီယိုးပီးယားအစိုးရနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောသည်။

Source : သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here