ကင်မလာက နေတန်ယာဟုနှင့်တွေ့ဆုံစဉ် အပစ်ရပ်ရန်တောင်းဆို

0
220

ဝါရှင်တန်၊ဇူလိုင် ၂၆

အမေရိကန်ဒုတိယ သမ္မတ ကင်မလာဟဲရစ်သည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့်တွေ့ဆုံစဉ် ၎င်းအနေဖြင့် အစ္စရေးအား ထောက်ခံပါသော်လည်း အပစ်ရပ်ရန်တောင်းဆိုခဲ့ပြီး အစ္စရေး – ဟားမတ်စ်အရေး၌ မည်သည့်ဘက်မှမယိမ်းဘဲ အလယ်ကနေရပ်တည်ရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။

ဂါဇာရှိအရပ်သားပြည်သူများ‌ေ-သဆုံးမှုနှင့်ပတ်သက်ပြီး စစ်ပွဲရပ်ချိန်တန်ပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သော်လည်း ဂျူးလူမျိုးတို့၏ နိုင်ငံတော်အဆင့်ရပ်တည်မှုကိုမူ ဆက်လက်ထောက်ခံအားပေးမည်ဖြစ်သည်ဟုဆိုခဲ့သည်။

“စစ်ပွဲရပ်ဖို့ပြောနေတဲ့သူတွေ၊ငြိမ်းချမ်းရေးတောင်းဆိုနေတဲ့သူ‌တွေကိုပြောချင်တာက ကျွန်မအနေနဲ့ ရှင်တို့အာေဘာ်တွေကိုကြားပါတယ်” ဟုလည်း နေတန်ယာဟုအိမ်ဖြူတော်မှပြန်သွားပြီးနောက် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ဒီကိုးလဆိုတဲ့ကာလအတွင်း ဂါဇာမှာဖြစ်ပျက်ခဲ့သမျှတွေကို ကျွန်မတို့မြင်တွေ့ခံစားခဲ့ရပါတယ်၊အပြစ်မဲ့က-လေ-းတွေရဲ့အလော-င်းတွေ၊အိုးပစ်အိမ်ပစ်ပြေးနေရသူတွေနဲ့ အစာရေစာငတ်မွတ်နေကြတာတွေကို မြင်နေတွေ့နေရတာမို့ ကျွန်မအနေနဲ့ နှုတ်ဆိတ်နေတော့မှာမဟုတ်ပါဘူး” ဟုလည်းသူက ပြောသည်။

ထို့ကြောင့် ၎င်းအနေဖြင့် ဆွေးနွေးပွဲကိုအောင်မြင်အောင်လုပ်ပြီး အပစ်အခတ်ရပ်နိုင်ရန်၊ဓ-ါးစာခံများလွတ်မြောက်စေရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေသည့် ဂါဇာပြည်သူများအား မြန်မြန်ဆန်ဆန်ပြည့်ပြည့်ဝဝကူညီပေးနိုင်ရန် သဘောတူညီချက်အစီအစဉ်တစ်ခုပြုလုပ်ဖို့ဝန်ကြီးချုပ်နေတန်ယာဟုအားတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here