ပြည်မြို့နယ်ရှ်ိ အိမ်ခြံမြေများအဝယ်လိုက်နေပြီး ရန်ကုန်မှစိတ်ဝင်မှုများပြီး သွားရောက်ဝယ်ယူမှုများရှိနေ

0
199

ပြည်မြို့နယ်ရှ်ိ အိမ်ခြံမြေများအဝယ်လိုက်နေပြီး ရန်ကုန်မှစိတ်ဝင်မှုများပြီး သွားရောက်ဝယ်ယူမှုများရှိနေကြောင်းအိမ်ခြံမြေအကျိူးဆောင်များထံမှသိရသည်။

ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့ Downtown မြို့နယ်အများအတွင်းတွင် နေထိုင်သူများမှာ မြို့စွန်များဘက်သို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း၊ထို့ပြင် ရန်ကုန်နှင့်အနည်းငယ်ဝေးကွာသည့်မြို့များမှ အိမ်ခြံမြေများအားစိတ်ဝင်စားကြသဖြင့် ဝယ်ယူမှုများလည်းစိပ်လာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

” ပြည်ဘက်က အိမ်ခြံမြေဈေးကွက်အခြေအနေက ဒီကာလမှာ ဝယ်တဲ့သူများတယ်၊ ပြည်ဈေးကွက်က ရန်ကုန်နဲ့စာရင် မြေကွက်ဈေးတွေကတစ်ဝက်လောက်ကွာတယ်၊ ရန်ကုန်ဆင်ခြေဖုန်းရပ်ကွက်ကဈေးတွေနဲ့ ပြည်မြို့ဆင်ခြေဖုန်းရပ်ကွက်ကဈေးတွေကလည်း တစ်ဝက်ဈေးကွာတယ်၊ရန်ကုန်ကနေဆင်းဝယ်ကြတာအတော်များဝာယ်၊ပြည်မြို့ကလည်းကြီးတယ်လေ၊လူဦးရေလည်းထူထပ်တယ်၊စည်လည်းစည်တယ်၊အရောင်းအဝယ်ကောင်းတယ်၊ပြည်မှာ အခုအမရောင်းတဲ့မြေကွက်တွေဆို ဝုန်းဒိုင်းကျဲပြီးဝောာ့ဝယ်ကြတယ်၊မေးကြတယ်၊မထင်ထားဘူး၊ ပြည်ကရပ်ကွက်တွေအများကြီးပဲရှိတယ်၊လူစိတ်ဝင်စားမှုတအားမြင့်တက်နေတယ်တအားပဲ”ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောသည်။

ယင်းအပြင် ပြည်မြို့နယ်၌ အဝေးပြေးကားဝန်း၊ဘူတာနှင့်လေဆိပ်အပါအဝင် ဌာနဆိုင်ရာရုံးဆိုက်သည့်မြို့လည်းဖြစ်သဖြင့် အရောင်းအဝယ်လိုက်နေကြောင်းလည်းသိရသည်။

အိမ်ခြံမြေဈေးကွက်အတွင်း ရန်ကုန်မြို့ Downtown မြို့နယ်အများအတွင်းတွင် နေထိုင်သူများမှာ မြို့စွန်ဘက်သို့ ပြောင်းရွှေ့နေထိုင်သူများမှာ ယခင်နေထိုင်ခဲ့သောနေရာကို ရောင်းချရသည့် ငွေများအနက်မှ ရင်းနှီးစားသောက်ရန်ငွေအချို့ဖယ်၍ စျေးနှုန်းအားဖြင့်သက်သာသည့် နေရာများကို ရှာဖွေနေထိုင်လာကြကြောင်း ပြောင်းရွှေ့နေထိုင်ကြသော မိသားစုများမှာ ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားရှိသည့် နေရာမျိုးလောက်ကိုသာ အဓိကထား၍ ဝယ်ယူနေထိုင်ကြခြင်းဖြစ်ပြီး အတူနေသည့်မိသားစုဝင်အချို့မှာမူ အလုပ် ဆင်းရသည့် ကုမ္ပဏီလုပ်ငန်းများအနီးတည်ရှိရာ ရန်ကုန်မြို့တွင်းမှ အဆောင်များတွင်နေထိုင်ကြကြောင်း၊ ပြောင်းရွှေ့သွားသည့် နေအိမ်များထံ အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ၊ လုပ်ငန်းပိတ်သည့် ပိတ်ရက်မျိုး၌သာ ပြန်လေ့ရှိကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here