သံတောင်ကြီးမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပေါ်ကာ နေအိမ် (၅)လုံး ထိခိုက်ပျက်စီး၊ သံတောင်ကြီး – တောင်ငူ ကားလမ်း အချို့ နေရာများတွင်လည်း မြေပြိုမှုများဖြစ်ပွား

0
186

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပေါ်ကာ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ရပ်ကွက်(၂) ကားလမ်းဘေးနှင့် သံတောင်ကြီး – တောင်ငူ ကားလမ်း အချို့နေရာများတွင်လည်း မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မြေပြိုမှုမှာ ဇူလိုင် (၂၆) ရက် ညပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သံတောင်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ(၁၀)ပေ (၂)ခန်းပျက်စီး၊ အမှတ် (၃)ရပ်ကွက်ရှိ နေအိမ် အဆောက်အအုံ သွပ်မိုးထရံကာများ မြေစာပိ၍ ပျက်စီး၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အဆောက် အဦ သွပ်မိုးသွပ်ကာနံရံ (၁၅)ပေ ပျက်စီးပြီး၊အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်အဆောက်အအုံ သွပ်မိုးအုတ်ကာနံရံ (၁၀) ပေခန့် ပျက်စီး၊ အမှတ်(၄)ရပ်ကွက်ရှိ ၏ နေအိမ်အဆောက် အအုံ သွပ်မိုးအုတ်ကာနံရံ အက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့ ရပ်ကွက်(၂) ကားလမ်းဘေးနှင့် သံတောင်ကြီး တောင်ငူကားလမ်းတစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုများကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များမှ မိသားစုဝင်များမှာ ဆွေမျိုးများ နေအိမ်သို့ ပြောင်း ရွှေ့နေထိုင်လျက်ရှိပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အများပြည်သူများမှ ရှင်းလင်းရေးများ ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့်ဇူလိုင် (၂၇)ရက်ကလည်း ဘားအံမြို့၊ ရပ်ကွက်(၂)၊ ရပ်ကွက် (၅)၊ ရပ်ကွက်(၉)၊ တရုတ်လှကျေးရွာနှင့် လှာကာကျေးရွာရှိ နေအိ မ်များအတွင်း ရေဝင်ရောက်ခြင်းနှင့် ကော့ကရိတ်မြို့န ယ်၊ ကျုံဒိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်းလ ည်း သိရသည်။

ထိုသို့ နေအိမ်များအတွင်း ရေဝင်ရောက်မှုကို ဘားအံမြို့န ယ်မီးသတ်စခန်းနှင့် ကော့ကရိတ်မြို့နယ် မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here